အကြမ်းဖက်ဝါဒမှန်သမျှကိုပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-02-01 15:28:28  

မကြာမီက ပါကစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် ယင်းအရေးအခင်းအတွက် အံ့သြတုန်လှုပ်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒမှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်ဝါဒ တိုက်ဖျက် ရန်၊ နိုင်ငံတော်တည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရန်၊ ပြည်သူ့အသက်လုံခြုံမှု ကာကွယ် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်မှုများကို ပြတ်ပြတ်သားသားထောက်ခံကြောင်း ဇန်နဝါရီလ ၃၁ရက်နေ့က ပြောကြားခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံ Peshawar မြို့ရှိ ဗလီကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီလ ၃၀ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၅၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းအရ သိရပါသည်။