ယူကရိန်းအား တိုက်လေယာဉ်များ ပေးအပ်ခြင်းသည် "လက်တွေ့မကျ"ကြောင်း၊ "ဗြိတိန်တိုက်လေယာဉ်များသည် အလွန်ရှုပ်ထွေး"ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဆို

(GMT+08:00)2023-02-01 15:29:20  

 ဗြိတိန်တိုက်လေယာဉ်များကို ယူကရိန်း နိုင်ငံအား ပေးအပ်ခြင်းသည် "လက်တွေ့မကျ"ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၃၁ ရက်နေ့က ပြောကြားခဲ့သည်ဟု  Reuters နှင့် ရုရှားဂြိုလ်တုသတင်းဌာနက ဖော်ပြ ခဲ့ကြပါသည်။

    ဗြိတိန်မှ တိုင်ဖုန်းတိုက်လေယာဉ်နှင့် F-35 တိုက်လေယာဉ်များသည် ရှုပ်ထွေးလွန်း သဖြင့် ၎င်းတို့ကို မောင်းနှင်ထိန်းချုပ်ရန် လပေါင်းများစွာ အချိန်ယူဖို့လိုအပ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။