ဟန်ဂေရီနိုင်ငံ ဟန်ဂေရီ-တရုတ်နှစ်ဘာသာ စာသင်ကျောင်းမှ ကျောင်းသူ ကျောင်းသားများအား ရှီကျင့်ဖိန် အကြောင်းပြန်စာပေးပို့

(GMT+08:00)2023-02-01 15:27:42  

မကြာမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဟန်ဂေရီနိုင်ငံ ဟန်ဂေရီ-တရုတ်နှစ်ဘာသာ စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားများအား အကြောင်းပြန်စာပေးပို့ခဲ့ရာ ဟန်ဂေရီလူငယ်များအား တရုတ်နိုင်ငံကို ပိုမိုများပြားစွာ သိရှိနားလည်ပြီး တရုတ်-ဟန်ဂေရီချစ်ကြည်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းသောသံတမန် များဖြစ်လာရန် အားပေးခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့်ဟန်ဂေရီနှစ်နိုင်ငံတို့သည် ရှည်ကြာသော သမိုင်းနှင့် ထွန်းပြောင်သော ယဉ်ကျေးမှု ရှိကြကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား ကောင်းမွန်သောချစ်ကြည်ရေးအစဉ်အလာ ရှိပြီး လူမှုယဉ်ကျေးမှုကူးလူးဖလှယ်မှုများ တစ်နေ့တခြား ရင်းနှီးလာကြောင်း၊ မြောက်များစွာသော ဟန်ဂေရီလူငယ်များမှ တရုတ် ဘာသာစကားကို ကြိုက်နှစ်သက်ပြီး သင်ယူလေ့လာရန်၊ ယနေ့တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ သမိုင်းယဉ်ကျေးမှုများကို ပိုမိုများပြားစွာ သိရှိနားလည်ပြီး တရုတ်-ဟန်ဂေရီချစ်ကြည်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းသော သံတမန်များဖြစ်လာရန် မျှော်လင့်ကြောင်း အလေးထားဖော်ပြခဲ့ပါသည်။