ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ရှင်းလင်းဖော်ပြ

(GMT+08:00)2023-01-31 14:45:06  

တရုတ်လုပ်ငန်းများသည် ရုရှားနိုင်ငံအား ထောက်ပံ့မှုပေးခြင်းဟူသော အမေရိကန် နိုင်ငံ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် လက်ပိုက် ကြည့်နေပြီး မီးလောင်ရာလေပင့်ကာ အခွင့်ကောင်းယူ၍ အမြတ်ထုတ်မည် မဟုတ်ကြောင်း ဇန်နဝါရီလ ၃၀ရက်နေ့က ကျင်းပသော တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယူကရိန်းပြဿနာနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် တရားမျှတသောရပ်တည်ချက်ကို အစဉ်အမြဲလက်ကိုင်ထားပြီး ငြိမ်းချမ်းရေးကို အစဉ်တစိုက်စွဲကိုင်ထားကာ ယူကရိန်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။