China Media Group၏ ရုပ်သံအစီအစဉ်သည် ထိုင်း Golden Ginnaree Awards ရရှိ

(GMT+08:00)2023-01-31 14:47:07  

မကြာခင်က China Media Groupနှင့် ထိုင်း NATION ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း ထုတ်လုပ သည့် ရုပ်သံ အစီအစဉ် တစ်ခုသည် အဌမ အကြိမ်မြောက် ထိုင်းနိုင်ငံ Golden Ginnaree Awards၏ “အများပြည်သူ့ မီဒီယာ”နယ်ပယ်က အကောင်းဆုံး ရုပ်သံ အစီအစဉ်ဆု ရရှိခဲ့ပါသည်။ Golden Ginnaree Awardsသည် ထိုင်းရုပ်သံ လောကတွင် သြဇာလွှမ်းမိုးမှု အရှိဆုံး ဆုများ အနက် တစ်ခု အပါအဝင် ဖြစ်ပြီး ယင်းသညို ပထမဆုံး အကြိမ် အဖြစ် နိုင်ငံခြား မီဒီယာ မှ ထုတ်လုပ်သည့် အစီအစဉ်အား ချီမြှင့်ခြင်း ဖြစ်ပါသည်။ ထိုင်းဆုချီးမြှင့်သူက ၄င်းအစီအစဉ်သည် ထိုင်းပရိသတ်များ အတွက် စစ်မှန်သော တရုတ်ပြည်ကို သိရှိနားလည်ရန် ပြတင်းပေါက် တစ်ခု ဖွင့်ပေးကြောင်း ဖော်ပြခဲ့ပါသည်။

၎င်းရုပ်သံအစီအစဉ်တွင် “THAI PEOPLE IN CHINA” “CHINA TALK”နှင့် “CHINA THAI SPECIAL” ဆိုသည့် အစီအစဉ် ၃ခု ပါဝင်ပါသည်။ Golden Ginnaree Awardsကို ထိုင်း အမျိုးသား ပညာရေးနှင့် ယဉ်ကျေးမှု တိုးမြှင့်ရေး အသင်းက စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။