ပါကစ္စတန် အနောက်မြောက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူများစွာသေဆုံးဒဏ်ရာရရှိ

(GMT+08:00)2023-01-31 14:36:58  

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘယ် ပရှ်တွန် ပြည်နယ်၏မြို့တော် ပယ်ရှာဝါ ၌ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဗလီတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၇၀ ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။