မြန်နှုန်းမြင့်ရထားလမ်းကို စောင့်ကြည့်ပေးသော "ကောက်ရိုးခြေနင်းအဖွဲ့"

(GMT+08:00)2023-01-31 14:36:06  

  ညသန်းခေါင်ယံတွင် တရုတ်နိုင်ငံ ကွေ့ယန် မြောက်ဘူတာရုံရှိ ရထား သန့်ရှင်ရေးသမားများသည် ကောက်ရိုးခြေနင်းများကို ၀တ်ဆင်ထားပါသည်။ သူတို့သည် ရေခဲကာ ချော်နေသော သံလမ်းကြားတွင် လျှောက်လမ်းပြီး အမြန်ရထားများအတွက် ရေများတင်ဆောင်ပေးသလို သန့်ရှင်ရေးလည်း လုပ်ပေးခဲ့ကြပါသည်။

ရိုးရိုးစလစ်မကပ်သောဖိနပ်များသည် ရေခဲနေသောလမ်းပေါ်မှာ ချော်ထွက် သည့်အတွက် ကောက်ရိုးခြေနင်းများသည် ၄င်းအဖွဲ့ဝန်ထမ်းများအတွက် ဆောင်းရာသီတွင် အလုပ်လုပ်ရန် မရှိမဖြစ် လိုအပ်သော ပစ္စည်းဖြစ်ပြီး ၄င်းတို့အား မြန်နှုန်းမြင့်ရထားလမ်းကို စောင့်ကြည့်ပေးသော "ကောက်ရိုးခြေနင်းအဖွဲ့" ဟုခေါ်ပါသည်။