ကွေ့ကျိုးပြည်နယ်ချုံကျန်းခရိုင်တွင် စပါးစတင်စိုက်ပျိုးခြင်းပွဲတော် ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

(GMT+08:00)2023-01-31 14:35:04  


ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချုံကျန်းခရိုင်သည် နှစ်စဉ်ကျင်းပလျက်ရှိသော စပါးစတင်စိုက်ပျိုးခြင်းပွဲတော်ကို ကျင်းပပြီးဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။ ရိုးရာပွဲတော်ဝတ်စုံကို ၀တ်ဆင်ထားသော ဒေသခံ မြောင်လူမျိုးများသည် လူစိန်လို့ခေါ် သည့် ပလွေကိုတီးမှုတ်ကြပြီး ပျော်ရွှင်စွာ ကခုန်ကြကာ တစ်နှစ်ပတ်လုံးရာသီဥတု သာယာပြီး စပါးများအထွက်နှုန်းကောင်းစေရန် ဆုတောင်းခဲ့ကြပါသည်။