မြောင်လူမျိုးများသည် နှစ်သစ်ကို ဆင်နွှဲရန် "လခုန်" လှုပ်ရှားမှုကို ကျင်းပ

(GMT+08:00)2023-01-31 14:39:42  

ဇန်နဝါရီလ ၂၉ရက်နေ့က ကွေ့ကျိုးပြည်နယ် လုံလီခရိုင် လုံစန်းမြို့နယ် ကျုံဖိုင်ရွာတွင် ရွာပေါင်းစုံမှ မြောင်လူမျိုးရွာသူရွာသားများ စုစည်းကြပြီး နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် တစ်နှစ်တစ်ကြိမ် ကျင်းပသည့်"လခုန်" လှုပ်ရှားမှု ပွဲတော်ကိုပြုလုပ်ခဲ့ကြပါသည်။ "လခုန်" လှုပ်ရှားမှုသည် ဒေသခံမြောင်လူမျိုးများ အတွက် ရာသီဥတုကောင်းမွန်စေဖို့ဆုတောင်းပြီး နှစ်သစ်ကို ဆင်နွှဲရန် ပြုလုပ်ကြသည့်ရိုးရာလှုပ်ရှားမှုတစ်ခုဖြစ်ရုံသာမက မြောင်လူမျိုး လူငယ်များ ချစ်သူကို ရှာဖွေကြတဲ့ လူမှုရေးပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။