Harbin ရေခဲတူးဖေါ်ရေးနေရာက အကြွင်းအကျန် ရေခဲများသည် "စိန်ပင်လယ်" ကဲ့သို့ ကြည်လင်နေသည်

(GMT+08:00)2023-01-30 16:55:49  

နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ  Harbin မြို့ရှိ Songhua မြစ်ပေါ်တွင် ရေခဲတူးဖော်ရေးလုပ်ငန်းသည် ပုံမှန်အားဖြင့် ပြီးဆုံးသွားခဲ့ပါပြီ။ အဝေးပြေးတံတား၏ အနောက်ဘက်ခြမ်းရှိ ရေခဲတူးဖော်သည့်နေရာ၌ ဓာတ်ပုံလာရိုက်ကြသော ခရီးသွားဧည့်သည် တွေကတော့ နေ့တိုင်းရှိနေပါသေးသည်။ မြစ်ကမ်းစပ်နှင့် မြစ်ရေပြင်ပေါ်တွင် စုပုံနေသော ရေခဲတုံးကြီးများသည် နေရောင်အောက်တွင် "စိန်ပင်လယ်" ကဲ့သို့ ကြည်လင်တောက်ပနေတာကိုတွေ့ရပါသည်။