ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကြောင့် အာဖရိက အနွယ်ဖွား အမျိုးသားတစ်ဦး သေဆုံး

(GMT+08:00)2023-01-30 16:59:04  

ဇန်နဝါရီလ ၂၈ရက်နေ့က အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှ မြို့သူမြို့သားများ သည် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဥပဒေစိုးမိုးမှုကို ဆန့်ကျင်ရန်အတွက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြပါသည်။

အမေရိကန်နိုင်ငံ Tennessee ပြည်နယ် Memphis မြို့ အာဏာပိုင်တို့သည် အာဖရိက အနွယ်ဖွား အမျိုးသားတစ်ဦး ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့်  ဗီဒီယိုကို ဇန်နဝါရီလ ၂၇ရက်နေ့ ညမှာ ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအာဖရိက အနွယ်ဖွား အမျိုးသား သည် နောက်ဆုံးတွင် သေဆုံးသွားခဲ့ပါသည်။ အဆိုပါအရေးအခင်းကြောင့် ၄င်းဒေသ တွင် ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့ပါသည်။ အရေးအခင်းနှင့်ပတ်သက်သော ရဲတပ်ဖွဲ့ဝင် ၅ဦးကို အလုပ်ထုတ်ခဲ့ပြီး ၄င်းတို့ကို ဒုတိယအဆင့် လူသတ်မှုနှင့် အခြား စွဲချက်များဖြင့် အရေးယူခဲ့တယ်လို့သိရပါသည်။