ယူနန်ပြည်နယ် ရွှေလီတွင် Psittacula roseate ကြက်တူရွေး ၁၀၀ ကျော် အုပ်စုဖွဲ့ ပျံသန်းခြင်း စံချိန်သစ်တင်

(GMT+08:00)2023-01-30 16:54:44  

ယခုရက်များတွင် ဓာတ်ပုံဆရာများသည် ယူနန်ပြည်နယ် ဒယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့၌ Psittacula roseate ကြက်တူရွေးများ အပါအဝင် ကြက်တူရွေးမျိုးစုံကို တွေ့ရှိ ကာ ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။ တရုတ်နိုင်ငံရဲ့ နာမည်ကျော်ကြားထင်ရှားသော ကျေးငှက် ပညာရှင် လျူယန်က ယခုအကြိမ် ရိုက်ထားသော ဓါတ်ပုံများအရ Psittacula roseate ကြက်တူရွေး အကောင်ရေ တစ်ရာကျော်ရှိပြီး ပြည်တွင်း စံချိန်သစ်တင်ခဲ့သည်ကို အတည်ပြုနိုင်ပါပြီဟု ပြောကြားခဲ့ပါသည်။

Psittacula roseate ကြက်တူရွေးများသည် တရုတ်နိုင်ငံ ပြည်တွင်းမှာ အလွန်ရှားပါးပြီး တရုတ်နိုင်ငံ၏ ဒုတိယ နိုင်ငံတော်အဆင့် ထိန်းသိမ်းကာကွယ်ထားသော တိရစ္ဆာန်ဖြစ်ပါသည်။ ဤမျိုးစိတ်သည် တစ်ချိန်က ကွမ်တုံပြည်နယ်နှင့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတို့တွင် တွေ့ရှိခဲ့တာဖြစ်ပါသည်။