ပါကစ္စတန် ခရီးသည်တင်ကားတစ်စီး တံတားပေါ်မှ ပြုတ်ကျပြီး ခရီးသည် ၄၁ဦးသေဆုံး

(GMT+08:00)2023-01-30 17:01:56  

ဇန်နဝါရီလ ၂၉ရက်နေ့က ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် ခရီးသည်တင်ကားတစ်စီးသည် တံတားပေါ်မှ ပြုတ်ကျပြီး မီးလောင် ကျွမ်းခဲ့ သဖြင့် ခရီးသည် ၄၁ဦး သေဆုံးသွားခဲ့ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ခရီးသည် ၅၀ နီးပါး ကားပေါ်လိုက်ပါလာခဲ့တယ်လို့သိရပါသည်။ ဒေသခံအရာရှိများက ကားအရှိန်လွန်မှုကြောင့် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း ယူဆကြပါသည်။