တရုတ် နွေဦးပွဲတော်တွင် စားသုံးမှု ပြန်လည် မြင့်တက်လာခြင်းသည် ကမ္ဘာ့ စီးပွားရေး အတွက် နွေးထွေးမှုကို ယူဆောင်လာ

(GMT+08:00)2023-01-29 16:23:22  

ယခုနှစ် တရုတ် နွေဦးပွဲတော် ရုံးပိတ်ရက်များ အတွင်း တရုတ်ပြည်တွင်း ခရီးသွား ဦးရေမှာ ၃၀၈သန်းရှိပြီး ပြည်တွင်း ခရီးသွား ဝင်ငွေ ပမာဏမှာ ယွမ် ၃၇၅.၈၄၃ဘီလီယံ ရှိကာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၃.၁ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၃၀ အသီးသီး တိုးလာခဲ့ကြောင်း၊ ရုပ်ရှင် လက်မှတ် ရောင်းချမှု ပမာဏမှာ ယွမ် ၆.၇၅၈ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၁.၈၉ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ပြည်ဝင်ပြည်ထွက်သူ ဦးရေသည် ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၁၂၀.၅ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရပါသည်။ ယင်းသည် ယခုနှစ် တရုတ် စီးပွားရေး၏ ပွဲဦးထွက် အောင်မြင်မှု ဖြစ်ပါသည်။

ယခုနှစ် နွေဦးပွဲတော်သည် တရုတ်ပြည်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ပထမဆုံး နွေဦးပွဲတော် လည်းဖြစ်ပါသည်။ အဆိုပါ စီးပွားရေး ဆိုင်ရာ အချက်အလက်များသည် တရုတ်ပြည်၏ စားသုံးမှု ဆိုင်ရာ ရှင်သန်မှုကို ပြသနေပါသည်။ လွန်ခဲ့သည့် နှစ်များတွင် စားသုံးမှုသည် တရုတ် စီးပွားရေး အတွက် အကြီးဆုံး တွန်းအား ဖြစ်ပါသည်။ အကြောင်းရင်းများကြောင့် ယခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်များ အတွင်း တရုတ်ပြည်၏ စားသုံးမှုသည် ကြီးမားသည့် ရှင်သန်မှုကို ထပ်မံ ပြသပြီး ကမ္ဘာအား တရုတ် နွေဦးပွဲတော်၏ အကျိုးများကို အတူမျှဝေ စေခဲ့ပါသည်။

ယခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်များ အတွင်း ပိုမိုများပြားသည့် တရုတ် ခရီးသည်များသည် ပြည်ပသို့ သွားရောက် ခရီးလှည့်လည်ခဲ့ပါသည်။ သက်ဆိုင်ရာ စာရင်းများအရ ယခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်များ အတွင်း တရုတ် ခရီးသည်များ၏ ပြည်ပသို့ ခရီးလှည့်လည်ရန် အမှာစာ ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ရာခိုင်နှုန်း ၆၄၀ တိုးလာခဲ့ကြောင်း သိရသည်။ နိုင်ငံခြား မီဒီယာ အချို့က သန်းပေါင်းများစွာသော တရုတ် ခရီးသည်များ ပြည်ပသို့ သွားရောက် ခရီးလှည့်လည်ရန် ရှိခြင်းသည် ကမ္ဘာတစ်ဝန်း ဟိုတယ်၊ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် နာလန်ပြန်ထူ ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။

နွေဦးပွဲတော် ရုံးပိတ်ရက်များတွင် တရုတ် စားသုံးမှု တရှိန်ထိုး တိုးတက်လာခြင်းသည် တရုတ် စားသုံးမှု ဈေးကွက် ရေရှည်ခိုင်မာမှုနှင့် ရှေ့အလားအလာ များစွာ ရှိခြင်း ဟူသော ထူးခြားချက်များ ပြောင်းလဲမှု မရှိခြင်းနှင့် စားသုံးမှု ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အခြေခံ အခြေအနေ ပြောင်းလဲမှု မရှိခြင်းကို ထပ်မံပြဆိုနေပါသည်။ မကြာခင်က ဗြိတိန် Financial Times၏ ဝက်ဘ်ဆိုက်မှ ဆောင်းပါးတစ်ပုဒ်တွင် တရုတ်ပြည် ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို တင်းမာပြတ်သားစွာ ပြင်ဆင်ချိန်ညှိပြီး စားသုံးသူများ၏ စားသုံးမှု ဆိုင်ရာ  ဖြည့်ဆည်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာတစ်ဝန်း စီးပွားရေး နာလန်ပြန်ထူရန် အတွက် ကျားကန်ပေးမှု  ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ အခြေအနေသည် ရှုပ်ထွေးစွာ ပြောင်းလဲနေပြီး တရုတ် စီးပွားရေး နာလန်ပြန်ထူသည့် အခြေခံ အုတ်မြစ်သည် မခိုင်မာသေး၍ စီးပွားရေး တစ်ခုလုံး ကောင်းမွန်လာစေရန်  အတွက် လုပ်စရာ အများကြီး ရှိနေသေးပါသည်။ သို့သော် တရုတ် ပြည်သူများသည် ၂၀၂၃ခုနှစ်တွင် စီးပွားရေး ဆက်တိုက် ပြန်တက်စေရန် ယုံကြည်မှုအပြည့်နှင့် စွမ်းဆောင်ရည်အားကောင်းစွာ ရှိပါသည်။ နွေဦးပွဲတော်တွင် ရရှိခဲ့သော စီးပွားရေး ဆိုင်ရာ ပွဲဦးထွက် အောင်မြင်မှုသည် အအေးဒဏ် ခံနေရသည့် ကမ္ဘာ့ စီးပွားရေး အတွက် နွေးထွေးမှုကို ယူဆောင်လာနေပါသည်။