အိန္ဒိယနိုင်ငံ၏ စစ်ရေးပြပွဲမှာ မော်တော်ဆိုင်ကယ် လှည့်ကွက်အဖွဲ့ ပါဝင်

(GMT+08:00)2023-01-28 11:15:04  

        ဒေသ စံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ ၇၄ နှစ်မြောက် သမ္မတနိုင်ငံနေ့ကို ဂုဏ်ပြုရန်အတွက် နယူးဒေလီမြို့တော်၌ စစ်ရေးပြပွဲကို ကျင်းပခဲ့သည်။ ထိုနေ့တွင် အိန္ဒိယသမ္မတ မယ်မူ၊ ဝန်ကြီးချုပ် မိုဒီတို့သည် တပ်မျိုးစုံကို ကြည့်ရှုစစ်ဆေးပြီး အီဂျစ်သမ္မတ အယ်စီစီသည် ဧည်သည်တော်အဖြစ် ယင်းစစ်ရေးပြပွဲသို့ တက်ရောက်ကာ အီဂျစ် လက်နက်ကိုင်တပ်ဖွဲ့သည်လည်း စစ်ရေးပြပွဲတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ကုလားအုတ်အဖွဲ့၊ မော်တော်ဆိုင်ကယ် လှည့်ကွက်အဖွဲ့တို့သည် ယင်း စစ်ရေးပြပွဲတွင် ပါဝင် ခဲ့ကြပြီး၊အိန္ဒိယအစိုးရဌာနအသီးသီးတို့သည်လည်း အိန္ဒိယ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသရန်အတွက် အဆိုပါချီတက် ပွဲတွင် ပါဝင်ခဲ့ကြပါသည်။