ကြယ်တံခွန် တစ်စင်း မြေကမ္ဘာသို့ ဦးတည်ပြီး ပျံသန်းလာနေ၊လူသားမျက်စိဖြင့် မြင်နိုင်

(GMT+08:00)2023-01-28 10:56:58  

   ၂၀၂၀ ပြည့်နှစ်က ကြယ်တံခွန် NEOWISE နှင့် ၂၀၂၁ ခုနှစ်က ကြယ်တံခွန် Leonard  ပြီးနောက် C/2022 E3 အမည် ပေးထားသည့် နောက် ကြယ်တံခွန် တစ်စင်းက မြေကမ္ဘာသို့ ဦးတည်ပြီး ပျံသန်းလာနေသည်ဟု နက္ခတ္တဗေဒပညာရှင်က ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

   ကြယ်တံခွန် အများစုသည် အနည်းငယ် မှောင်မဲကြတာမို့ ၂၀၂၀ ပြည့်နှစ်က ကြယ်တံခွန် NEOWISE ကဲသို့သော လူသားမျက်စိဖြင့် မြင်နိုင်သည့် ကြယ်တံခွန်မျိုးသည် လွန်စွာ ရှားပါးသည်ဟု သိရပါသည်။