နွေဦးပွဲတော်အပြီး ခရီးသွား ပြည်သူများ၏ အပြန်ခရီးသည် အများဆုံးသို့ ရောက်ရှိ

(GMT+08:00)2023-01-28 15:23:20  

ဇန်န၀ါရီလ ၂၇ ရက်နေ့သည် နွေဦးပွဲတော်အားလပ်ရက်၏ နောက်ဆုံးနေ့ ဖြစ်တာ ကြောင့် နွေဦးပွဲတော်အပြီး ခရီးသွား ပြည်သူများ၏ အပြန်ခရီးသည်   အများဆုံးသို့ ရောက်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ထိန်းချုပ်ရေး စနစ်မှ နွေဦးပွဲတော် ခရီးသည် ပို့ဆောင်ရေး အထူးအဖွဲ့၏ စာရင်းအရ ၂၇ ရက်နေ့အထိ မီးရထား၊ ကားလမ်း၊ ရေကြောင်းနှင့် လေကြောင်းတို့မှ ခရီးသည် သန်း ၇၈၀ ကျော် ပို့ဆောင် ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။