ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်သည် မြန်မာနိုင်ငံမှ လာခြင်း ဖြစ်သည်

(GMT+08:00)2023-01-28 11:16:19  

     အမေရိကန် စိတ်ဝင်စားဖွယ် သိပ္ပံပညာဝက်ဘ်ဆိုက်တွင်  အဲလိဇဘက်-ရေအန် ရေးသားသော “ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက်” ဆောင်းပါးကို ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ကို ကျော်သူအိုက် ဟုခေါ်သည်။ ၄င်းသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိသော ကျောက်မျက်ဖြစ်ပြီး မြန်မာနိုင်ငံ မိုးကုတ်ဒေသ၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် သတ္တု ဒေတာဘေ့စ်မှ အချက်အလက်အရ ၄င်းသည် လိမ္မော်ရောင် ကျောက်မျက် တစ်လုံးဖြစ်ပြီး ၁.၆၁ ကာရက်ရှိကာ ၂၀၁၅ခုနှစ်တွင် နိုင်ငံတကာ သတ္တုပစ္စည်းအဖွဲ့က  ၄င်းကို တရားဝင် အသိအမှတ်ပြုခဲ့သည်။

လက်ရှိ ဒုတိယအရှားပါးဆုံး ကျောက်မျက်သည် ပိန်းနိုက် (Painite)ဖြစ်ပြီး အနီရင့်ရောင် ဆဋ္ဌဂံပုံဖြစ်သည်။ ယခင်ကထက် ရှာဖွေရလွယ်ကူလာသော်လည်း ရှားပါးသော ကျောက်မျက်ဖြစ်ဆဲဖြစ်နေပြီး ၄င်း၏ ဓာတု ဖွဲ့စည်းပုံသည် သိပ္ပံနည်းပညာအတွက် ပဟေဠိ တစ်ခု ဖြစ်နေသေးသည်။