ဟောင်ကောင် မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ခြင်းတွင် သင်္ဘောသား ၈ဦး သေဆုံးသည်ဟု အတည်ပြု

(GMT+08:00)2023-01-27 15:03:32  

ဘေကျင်းစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဖူခူအိုကာဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် လွိကွေ့ကျွင် သည် ဟောင်ကောင် မှတ်ပုံတင်ထားသော ကုန်တင် သင်္ဘော တစ်စင်း ဂျပန်နိုင်ငံ နာဂါဆာကီခရိုင် ဂိုတို ကမ်းလွန်ရေပြင်တွင် နစ်မြုပ်သွားခဲ့ခြင်းနှင့် ပတ်သက်၍ CGTN အင်တာဗျူးကို လက်ခံခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ် လွိကွေ့ကျွင် က သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးသည့်နောက်ပိုင်း ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကွန်ရွှမ်ရွတ်နှင့် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့အနေနှင့် စီမံခန့်ခွဲမှုများကို ချက်ချင်းပြုလုပ်ခဲ့ကြောင်း၊ ဖူခူအိုကာဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် နာဂါဆာကီခရိုင်ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့ပူးပေါင်းပြီး ၂၄နာရီဆက်တိုက် အင်အားအပြည့်နှင့် ဆောင်ရွက်ကာ ဂျပန်နိုင်ငံ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဌာနများအား အစွမ်းကုန် ကြိုးစား လုပ်ဆောင်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း အင်တာဗျူးရာ၌ ဖြေကြားခဲ့သည်။

၂၆ ရက်နေ့ နေ့လယ်အထိ ရှာဖွေကယ်ဆယ်ခဲ့ရသည့် သင်္ဘောသား ၁၃ ဦးအနက် ၅ ဦးက အသက်အန္တရာယ်မရှိကာ ယင်းအနက် တရုတ်သင်္ဘောသား၎ ဦးပါဝင်ကြောင်း၊ ကျန်သည့် သင်္ဘောသား ၈ ဦးသည် သေဆုံးသည်ဟု အတည်ပြုခဲ့ပြီး ယင်းအနက် တရုတ်သင်္ဘောသား ၆ ဦး ပါဝင်ကြောင်း သိရှိ ရပါသည်။