၂၀၂၃ခုနှစ်တွင် တရုတ်စီးပွားရေးသည် ဒေသတွင်း စီးပွားရေး တိုးတက်မှုကို တွန်းအားပေးမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ ခန့်မှန်း

(GMT+08:00)2023-01-27 15:05:38  

        ကုလသမဂ္ဂ သည် ၂၅ ရက်နေ့က ၂၀၂၃ခုနှစ် ကမ္ဘာ့ စီးပွားရေးအခြေအနေနှင့် ခန့်မှန်းချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ၂၀၂၃ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်က ၃ ရာခိုင်နှုန်းခန့် ရှိခဲ့ရာကနေ ၁့၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဒေသတွင်း စီးပွားရေး တိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

        ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပိုမိုလျင်မြန်စွာ တိုးတက်လာမည် ဖြစ်ကြောင်း၊ တရုတ်အစိုးရ ကပ်ရောဂါ ကာကွယ်ရေး ပေါ်လစီများ ပြောင်းလဲပြီး စီးပွားရေးကို အကျိုးပြုစေသည့် ပေါ်လစီများ ကျင့်သုံးသဖြင့် လာမည့် အချိန်ကာလအတွင်း တရုတ်ပြည်တွင်းမှာ ဝယ်လိုအား မြင့်တက်လာပြီး ယခုနှစ် တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်းသည် ၄့၈ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ခန့်မှန်းထားသည်။