ယွမ်မင်ယွမ် ဥယျာဉ် နှစ်သစ်ကူးပွဲတွင် "Bingxi"ခေါ် တော်ဝင် ရေခဲကစားခြင်း ပြန်ပေါ်လာသည်

(GMT+08:00)2023-01-27 15:07:18  

ယခုနှစ် နွေဦးပွဲတော်အတွင်း ဘေကျင်းမြို့ရှိ ယွမ်မင်ယွမ် ဥယျာဉ်တွင် နှစ်သစ်ကူးပွဲကို ကျင်းပပြီး ဈေးများရှိသလို စိတ်ဝင်စားဖွယ် ရေခဲနှင့် နှင်းလှုပ်ရှားမှုများလည်း ရှိပါသည်။ နှစ်သစ်ကူး ပထမနေ့မှ ဆဌမနေ့အထိ ကျွမ်းကျင်သောရေခဲစကိတ်သမားများသည် ယွမ်မင်ယွမ် ရှိ ဖူဟိုင် ရေခဲပြင်ကွင်းတွင် "Bingxi"ခေါ် တော်ဝင်ရေခဲကစားခြင်းကို ဖျော်ဖြေခဲ့ပြီး ခရီးသွားများကို ဆွဲဆောင်ကာ ချင်းမင်းဆက်ခေတ်က တော်ဝင်ရေခဲလှုပ်ရှားမှုများ၏ ခမ်းနားသောမြင်ကွင်းကို ခံစားကြည့်ရှုခဲ့ကြသည်။