ကန်စွန်းဥသေးသေးလေးနဲ့ ချမ်းသာလာအောင် ဘယ်လို အကောင်အထည်ဖော်မလဲ

(GMT+08:00)2023-01-26 22:55:19  

ကန်စွန်းဥသေးသေးလေးနဲ့ ချမ်းသာလာအောင် ဘယ်လို အကောင်အထည်ဖော်မလဲ။ ကျန်းရှီးပြည်နယ် ဖန်ကူစန်းမြို့နယ်ကနေ ထွက်ရှိတဲ့ ကန်စွန်းဥတွေဟာ အရည်အသွေးကောင်းမွန်သလို ဒေသခံပြည်သူတွေက “ပေါင်းခြင်း၊ နေလှန်းခြင်း ထပ်တလဲလဲ သုံးကြိမ်ပြုလုပ်တဲ့” ရိုးရာပြုလုပ်နည်းကို အစဉ်အမြဲလိုက်နာခဲ့ကြပါတယ်။ ကန်စွန်းဥခြောက်ကို လှီးဖြတ်ပြီး ပေါင်းတာ နဲ့ နေလှန်းတာတွေကို ထပ်ခါထပ်ခါ ပြုလုပ်လိုက်တာနဲ့ ချိုမွှေးပျော့ပျောင်းပြီး ကန်စွန်းဥရဲ့ မူလအရသာ မပြတ်သွားတဲ့ ကန်စွန်းဥခြောက်ကို ပြုလုပ်ရရှိပါတယ်။