တရုတ်နိုင်ငံသည် အာဂျင်တီးနား၏ အရေးကြီး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်ဟု အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီး ဆို

(GMT+08:00)2023-01-26 12:49:10  

   လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဘုံအဖွဲ့ သတ္တမ အကြိမ် ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ် မြို့တော်၌ ကျင်းပခဲ့ပါသည်။ အိမ်ရှင်နိုင်ငံ အာဂျင်တီးနားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Cafiero သည် မကြာမီက China Media Groupမှ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ၏ အရေးကြီးသော ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပြီး နှစ်နိုင်ငံ၏ စီးပွားကုန်သွယ်ရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့် တိုးတက်နိုင်ရန် မျှော်လင့်ကြောင်း၊ ၂၀၂၂ ခုနှစ်သည် အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ မှတ်တိုင် တစ်ရပ် ဖြစ်၍ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် ၂၀၂၂ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံ ဆက်ဆံမှု အပါအဝင် လက်တင်အမေရိက နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံမှု ဆက်တိုက် နက်ရှိုင်းစွာ တိုးတက်ရန် မျှော်လင့်ကြောင်း၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံ အကြား နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အလားအလာ ကောင်းမွန် ပါကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။