ဂျာမဏီ ရထားတစ်စင်း၌ ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ

(GMT+08:00)2023-01-26 12:48:15  

        ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက်နေ့က ဂျာမဏီနိုင်ငံ ကီရယ်မြို့မှ ဟမ်းဘတ်မြို့သို့ သွားသည့် ရထားတစ်စင်းပေါ်တွင် ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

        ထိုတိုက်ခိုက်မှု၏ နောက်ခံအကြောင်းအရာနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသော်လည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လက်ရှိအချိန်တွင် နောက်ထပ် သတင်းအချက်အလက် မရှိသေးသော်လည်း ယင်း တိုက်ခိုက်မှုသည် လူသားလူ့အဖွဲ့အစည်းကို ဆန့်ကျင်သည့် ဆိုးရွားသော ပြစ်မှုကျူးလွန်မှုပင် ဖြစ်ကြောင်း Schleswig-Holstein ပြည်နယ် ပြည်ထဲရေးဝန်ကြီး Dr. Sabine Sütterlin-Waack က ပြောကြားခဲ့သည်။