ဇလျန်းစကီးသည် နေတိုးအဖွဲ့အတွင်းရေးမှူးချုပ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-01-26 12:49:33  

ဇန်နဝါရီလ ၂၅ ရက်နေ့က ယူကရိန်းသမ္မတ ဇလျန်းစကီးသည် နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် စတိုတိန်ဘတ်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု ယူကရိန်း မီဒီယာများက ၂၅ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ဇလျန်းစကီးက ၄င်း၏ ဆိုရှယ်မီဒီယမှ ယင်းသတင်းကို ထုတ်ပြန်ပြီး နှစ်ဦးနှစ်ဖက်တို့ သည် ယူကရိန်းအား တင့်ကားများနှင့် လက်နက်အသစ်များ တိုးချဲ့ထောက်ပံ့ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည့်အပြင် ယူကရိန်းက နေတိုးအဖွဲ့တွင် ပါဝင်ရန် လိုအပ်သော အချက်အလက်များကို လည်း ဆွေးနွေးခဲ့ကြသည်ဟု ရေးသားဖော်ပြပါသည်။