ဂျပန်နိုင်ငံ နာဂါဆာကီခရိုင် ဂိုတို ကမ်းလွန်ရေပြင်မှာ တရုတ်နှင့်မြန်မာသင်္ဘောသားကို တင်ဆောင်သောသင်္ဘောတစ်စင်း နစ်မြုပ်

(GMT+08:00)2023-01-26 12:47:06  

၂၅ ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီခရိုင်ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ တရုတ်သင်္ဘောသား ၁၄ ဦးနှင့် မြန်မာသင်္ဘောသား ၈ ဦးတို့ တင်ဆောင်လာသည့် ဟောင်ကောင် မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘောတစ်စင်းသည် ထိုနေ့အစောပိုင်းက ဂျပန်နိုင်ငံ နာဂါဆာကီခရိုင် ဂိုတို ကမ်းလွန်ရေပြင်တွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ လူ ၅ ဦး အသက်ရှင် ကျန်ရစ်ခဲ့သည်။

နာဂါဆာကီဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက တရုတ်သင်္ဘောသား ၄ ဦးနှင့် မြန်မာသင်္ဘောသား ၁ ဦးတို့ကို တရုတ်သင်္ဘောတစ်စင်းမှ တွေ့ရှိကယ်ဆယ်ခဲ့ပြီး ၅ ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည် ပြုခဲ့သည်။ ထို့အပြင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ လူနှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁ ဦးမှာ မြန်မာနိုင်ငံသား ဖြစ်ပြီး သေဆုံးသည်ဟု အတည်ပြုကာ ကျန် ၁ ဦးမှာတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့တော့ လူ ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါသည်။

 

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီတွင် ဖူခူအိုကာဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ် လွိကွေ့ကျွင် သည် ဂျပန် ပင်လယ်လုံခြုံမှုထိန်းသိမ်းကာကွယ်ရေးဌာန သတ္တမဇုန်မှ တာဝန်ခံနှင့်ဖုန်းဆက်ပြီး သက်ဆိုင်ရာ အခြေ အနေ ကို ပိုမိုသိရှိနိုင်စေရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အစွမ်း ကုန် ကြိုးစား လုပ်ဆောင် ရန် ဂျပန် ဘက် အား တိုက်တွန်းခဲ့ပါသည်။