ရှီကျင့်ဖိန်သည် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဘုံအဖွဲ့ သတ္တမ အကြိမ် ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုမိန့်ခွန်းပြောကြား

(GMT+08:00)2023-01-26 12:48:44  

လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ ဘုံအဖွဲ့ သတ္တမ အကြိမ် ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ် မြို့တော်၌ ကျင်းပခဲ့ပါသည်။ လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ ဘုံအဖွဲ့ အလှည့်ကျ သဘာပတိနိုင်ငံ အာဂျင်တီးနားနိုင်ငံ သမ္မတ Fernandez  ၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီဒီယိုပုံစံဖြင့် အစည်းအဝေး၌ မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

ရှီကျင့်ဖိန်က လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ ဘုံအဖွဲ့သည် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် မရှိမဖြစ် တွန်းအားတစ်ရပ် ဖြစ်လာပြီး ဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ အကျိုးတူဖွံ့ဖြိုးမှု တိုးမြှင့်ရေးနှင့် ဒေသတွင်း တပြေးညီဖြစ်မှု တွန်းအားပေးရေးအတွက် အရေးကြီး အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင်း တပြေးညီဖြစ်စဉ်ကို တစ်လျှောက်လုံး ထောက်ခံပြီး လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ ဘုံအဖွဲ့နှင့် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ တရုတ်နိုင်ငံသည် လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများနှင့် ဆက်လက် အပြန်အလှန် ကူညီထောက်ပံ့ပြီး ပိုမို သာယာလှပသော အနာဂတ်ရေးကို လက်တွဲ တည်ဆောက်လိုပါကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။