၂၀၂၃ ခုနှစ် တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာမှ ခန့်မှန်း

(GMT+08:00)2023-01-26 12:46:14  

ယခုလ ၂၅ ရက်နေ့က ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဒု အတွင်းရေးမှူး ချုပ် လီကျွင်းဟွာသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပသည့် (၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် မျှော်မှန်းချက်) အစီရင်ခံစာ ထုတ်ပြန်ပွဲသို့ တက်ရောက်ခဲ့ သည်ဟု သတင်းအရသိရပါသည်။

ကုလသမဂ္ဂသည် ယခုလ ၂၅ ရက်နေ့က  (၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် မျှော်မှန်းချက်) အစီရင်ခံစာကို ထုတ်ပြန်ပြီး၊ ကမ္ဘာ့စီးပွားရေး တိုးတက် မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင်  ၃ ရာခိုင်နှုန်းခန့် ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာတော့  ၁.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည် ဖြစ် ကြောင်း ခန့်မှန်းသည်ဟု သတင်းအရ သိရပါသည်။