George Soros သည် ငွေအမြောက်အမြားဖြင့် မီဒီယာဆက်ဆံမှု ကွန်ရက်ကို ပြုလုပ်ဟု ကန်မီဒီယာမှ သတင်းပေါက်ကြား

(GMT+08:00)2023-01-25 13:48:40  

အမေရိကန် ငွေရေးကြေးရေး သူဌေးကြီး George Soros သည် သန်းရာချီ ဒေါ်လာများဖြင့် အမေရိကန်မီဒီယာများနှင့် ဆက်စပ်မှုရှိသည့် ရာချီ အသင်းအဖွဲ့များကို လာဘ်ပေးပြီး သူ၏ မီဒီယာ ဆက်ဆံမှု ကွန်ရက်ကို ပြုလုပ်ခဲ့ကြောင်း၊ ၄င်းသည် ယင်းမီဒီယာများကနေတစ်ဆင့် သူ့၏ အမြင်သဘောထားများကို ဖေါ်ပြပြီး ဒီလိုနည်းနဲ့ ပြည်သူ့သဘောထားအမြင်များကို ထိန်းချုပ် နိုင်ခဲ့ကြောင်း မကြာမီက အမေရိကန် မီဒီယာများတွင် ပေါက်ကြားထားပါသည်။

အမေရိကန် FOX NEWS သည် Media Research Center Business မဂ္ဂဇင်း၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို ကိုးကားပြီး George Soros သည် သူ့အတွက် အကျိုးရှိသည့် သတင်းများကို ထုတ်ပြန်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာ ၁၃၁ သန်းထက်မနည်း အသုံးပြုပြီး အမေရိကန် မီဒီယာများနှင့် ဆက်စပ်သော အသင်းအဖွဲ့ ၂၅၃ ခုအား လာဘ်ပေးခဲ့ကြောင်း၊ အမေရိကန်၌ နာမည်ကြီး မီဒီယာသမား ၅၄ ဦးထက်မနည်း George Soros ၏ လာဒ်ပေးငွေကို လက်ခံ ရရှိခဲ့ကြောင်း ရေးသားဖေါ်ပြထားပါသည်။