ကမ္ဘာတစ်ဝှမ်း၌ ယုန်နှစ်နွေဦးပွဲတော် အထိမ်းအမှတ်ပွဲများ ကျင်းပ

(GMT+08:00)2023-01-25 13:45:29  

နွေဦးပွဲတော်သည် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ ယခုကမ္ဘာတစ်ဝှမ်းရှိ နေရာအများအပြားတွင် ယုန်နှစ်နွေဦးပွဲတော် အထိမ်းအမှတ်ပွဲများ ကျင်းပနေပါသည်။ ကနေဒါနိုင်ငံဗန်ကူးဗားမြို့တွင် တရုတ်နှစ်သစ်ကူး ပွဲတော်၏ လှည့်လည်ပွဲတွင် လူပေါင်း ၅၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း၊ ယခုရက်များတွင် အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တွင် ၂၀၂၃ခုနှစ် “ပျော်ပျော်ရွှင်ရှင် နွေဦးပွဲတော်” လှုပ်ရှားမှုများကို ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။