လန်ဒန်မြို့၏ ဧရိယာအရွယ်အစားမျှ ကြီးမားသည့် ရေခဲတောင် ပြိုကျ

(GMT+08:00)2023-01-25 13:25:39  

    လန်ဒန်ဒေသကြီး၏ ဧရိယာအရွယ်အစားလောက်ရှိသည့် ရေခဲတောင်ကြီးသည် ၂၂ ရက်နေ့က စူးစမ်းလေ့လာရေး အခြေစိုက်စခန်း အနီးရှိ Brunt Ice Shelfမှ ခွဲထွက်ပြိုကျခဲ့သည်ဟု ဗြိတိန် အန္တာတိ စူးစမ်းလေ့လာရေးဌာနမှ သုတေသီက ၂၃ ရက်နေ့က ဖော်ပြပါသည်။ ယင်းသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း Brunt Ice Shelfမှ ခွဲထွက်ပြိုကျခဲ့သည့် ဒုတိယမြောက် ရေခဲတောင်ကြီးဖြစ်ပါသည်။ ယင်းဖြစ်ရပ်သည် Brunt Ice Shelf ၏ သဘာဝ ဖြစ်ရပ် ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သက်ဆိုက်မှုမရှိကြောင်း သိရပါသည်။