ဝါရှင်တန်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံး

(GMT+08:00)2023-01-25 13:47:45  

အမေရိကန် CNN မှ သတင်းအရ၊ ဒေသစံတော်ချိန် ဇန်နဝါရှီလ ၂၄ ရက်နေ့ နံနက် မိုးလင်းခါနီးအချိန်တွင် အမေရိကန် ဝါရှင်တန်ပြည်နယ် Yakima ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။ Yakima ရဲဌာနမှ ရဲချုပ် Matt Murray က လက်ရှိအချိန်တွင် သေနတ်ပစ်ခတ်သူ ထွက်ပြေးနေသေးကြောင်း ပြောဆိုခဲ့သည်။

သေနတ်ပစ်အကြမ်းဖက်မှု မှတ်တမ်းတင်ဖိုင်ဌာနမှ စာရင်းဇယားအရ ၂၀၂၃ ခုနှစ် အတွင်း အမေရိကန်တွင် အတိုင်းအတာကြီးမားသော သေနတ်ပစ်ခတ်မှု ၃၉ ကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်သည် သမိုင်းစဉ်၌ ယင်းအချိန်ပိုင်းအတွင် အတိုင်းအတာ ကြီးမားသော သေနတ်ပစ်ခတ်မှု အများဆုံး ဖြစ်ပွားခဲ့သော နှစ်တစ်နှစ်ပင် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။