တရုတ်ခရီးသည်များအား ကြိုဆိုပွဲအခမ်းအနားကို ဖိလစ်ပိုင်လေဆိပ်၌ ကျင်းပ

(GMT+08:00)2023-01-25 13:36:26  

    ၂၄ ရက်နေ့ ညနေပိုင်းက ခရီးသည် ၂၀၀ ကျော် လိုက်ပါလာသော ရှာ့မင်လေကြောင်းလိုင်း MF819သည် မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင် ခရီးသွားလာရေးဝန်ကြီးဌာနက ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဖိလစ်ပိုင် ခရီးသွားလာရေးဝန်ကြီး ဖရာစကိုနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်တို့က လေဆိပ်ကို သွားရောက် ကြိုဆိုခဲ့ကြပါသည်။ ဖိလစ်ပိုင်ခရီးသွားလာရေးဝန်ကြီး ဖရာစကိုက ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်တဲ့အတွက် ကြိုဆိုပါကြောင်း၊ ဖိလစ်ပိုင်ပြည်သူတို့ရဲ့နွေးထွေးမှုကို ခံစားရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။