ရုရှား ကက်စပီယံ ပင်လယ်ကမ်းရိုးတန်း၌ ဖျံအများအပြား သေဆုံးမှု တွေ့ရှိပြီး ၄င်းတို့၏အသေကောင်တွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိ

(GMT+08:00)2023-01-25 13:38:22  

မကြာခင်ရက်များက ရုရှားနိုင်ငံ  ကက်စပီယံပင်လယ်ကမ်းရိုးတန်း၌ ဖျံ အသေကောင် ၇၀၀ ခန့် တွေ့ရှိခဲ့ပြီး တာဂျစ္စတန် အမျိုးသားတက္ကသိုလ်မှ သုတေသနအရ ယင်း ဖျံအသေကောင်များထဲတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိကြောင်း၊ ယင်းဗိုင်းရပ်စ်ပိုး အမျိုးအစားကို သုတေသနပြုနေကြောင်း TASS သတင်းဌာနမှ ဇန်နဝါရီလ ၂၄ ရက်နေ့က ရေးသား ထားပါ သည်။