ဂျပန် နိုင်ငံ၌ ယခုနှစ် ဆောင်းရာသီမှာ အပြင်းထန်ဆုံး အအေးဒဏ်ကြောင့် သွားလာမှုနှင့် သယ်ယူပို့ဆောင်မှု အခက်အခဲဖြစ်နေ

(GMT+08:00)2023-01-25 13:37:32  

        ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဂျပန်နိုင်ငံ၌ ယခုနှစ် ဆောင်းရာသီ၏ အပြင်းထန်ဆုံး အအေးဒဏ်ကြောင့် ဒေသအများအပြားတွင် ဆီးနှင်းထူထပ်စွာ ကျဆင်းပြီး မုန်တိုင်းလည်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ပါသည်။ ထို့ကြောင့် ဂျပန်လေကြောင်းကုမ္ပဏီများမှ ရာနှင့်ချီသော လေကြောင်းခရီးစဉ်များ ရပ်နားခဲ့သည်။ မော်တော်ကားလမ်း ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားပြီး ယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားကာ အချို့ အဝေးပြေးလမ်းမကြီးတွေ ပိတ်ထားရပါသည်။ ရထားများစွာလည်း ပြေးဆွဲမှု ရပ်နားထားရပြီး ၊ ပြေးဆွဲနေတဲ့ ရထား အချို့မှာ ခုတ်မောင်းနေစဉ်အတွင်း ရပ်တန့်သွားတဲ့အတွက် ရထားဖြင့်လိုက်ပါလာသည့် ခရီးသည်များ  ၇ နာရီကျော်ကြာ သောင်တင်ခဲ့ရသလို ခရီးသည်အချို့ ကျန်းမာရေးချို့တဲ့မှုတွေ ဖြစ်ခဲ့ရပါသည်။