ဂျာမနီသည် ယူကရိန်းအား "Leopard" ပင်မတိုက်ပွဲဝင်တင့်ကားများ ထောက်ပံ့ပေးမည်ဟု ဂျာမနီမီဒီယာဆို

(GMT+08:00)2023-01-25 13:46:11  

ဂျာမနီနိုင်ငံသည် အခြားနိုင်ငံများကို ယူကရိန်းအား "Leopard" ပင်မတိုက်ပွဲဝင် တင့်ကားများ ထောက်ပံ့ပေးရန် ခွင့်ပြုမည့်တစ်ချိန်တည်းတွင် ဂျာမနီသည်လည်း ယူကရိန်းအား "Leopard-2" ပင်မတိုက်ပွဲဝင် တင့်ကား စုစုပေါင်း ၁၄ စီးကို ထောက်ပံ့ပေးမည်ဟု ယခုလ ၂၄ ရက်နေ့က ဂျာမနီမီဒီယာက ဖော်ပြခဲ့သည်။ သတင်းများအရ ဂျာမနီဝန်ကြီးချုပ် Scholz သည် အမေရိကန်သမ္မတ Biden နှင့် ဖုန်းခေါ်ဆိုပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်ပြီး အမေရိကန်သည်လည်း ၎င်း၏ကိုယ်ပိုင် M1 Abrams ပင်မတိုက်ပွဲဝင်တင့်ကားများကို ယူကရိန်းသို့ ပေးအပ်မည်ဟု သိရသည်။