အမေရိကန်အစိုးရက ဆိုရှယ်မီဒီယာကို ကြိုးကိုင်လုပ်ဆောင်ခြင်းဆိုင်ရာသတင်း ပေါက်ကြား

(GMT+08:00)2023-01-24 12:14:54  

မကြာမီက အမေရိကန် စုံစမ်းစစ်ဆေးရေး သတင်းထောက် မာဒ် တာအီဘီ သည် ၄င်းက ရရှိခဲ့သည့် တွစ်တာဖိုင်များကို ရှေ့ဆင့်နောင့်ဆင့် ထုတ်ပြန်ခဲ့သည်။ ယင်းဖိုင်တွေ အရ FBIနှင့် CIA အပါအဝင် အမေရိကန် အစိုးရဌာနများသည် ဆိုက်ဘာတိုက်ပွဲ ဆင်နွှဲရန်နှင့် လူထုသဘောထားအမြင်များကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ကို ထမြောက်နိုင်ဖို့ အတွက် ဆိုရှယ်မီဒီယာများကို ကြိုးကိုင် လုပ်ဆောင်ခဲ့ပါသည်။

ယနေ့ရုရှား ရုပ်မြင်သံကြားဌာနမှ အင်တာဗျူး မေးမြန်းချက်များကို လက်ခံ ဖြေကြားရာတွင် မာဒ် တာအီဘီက ၄င်း ရရှိခဲ့သည့် တွစ်တာ အတွင်းပိုင်းဖိုင်များအရ တွစ်တာသည် နေ့စဉ် ထောင်ချီ သောင်းချီ အကောင့်အမည်စာရင်းများကို ရရှိပါကြောင်း၊ ယင်းအကောင့်အမည်စာရင်းကို အမေရိကန် FBI ၊CIA ၊ အမျိုးသားလုံခြုံရေး ဦးစီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အခြား အစိုးရဌာနများမှ ပို့လာခြင်း ဖြစ်ပြီး တွစ်တာအား အထက်ပါ အကောင့်များကို ပိတ်ထားရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းအစိုးရဌာနများသည် တွစ်တာအား အမေရိကန် အစိုးရ၏ ရပ်တည်ချက်နှင့် မကိုက်ညီသော အကောင့်များကို စုံစမ်းစစ်ဆေးရန်လည်း လုပ်ခိုင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။