လွန်ခဲ့သည့် နှစ်ပတ်အတွင်း အအေးဒဏ်နှင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အာဖဂန်ယာယီအစိုးရဆို

(GMT+08:00)2023-01-24 12:22:45  

လွန်ခဲ့သည့် နှစ်ပတ်အတွင်း အာဖဂန်နစ္စတန်တွင် အအေးဒဏ်နှင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဖဂန် ယာယီအစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ချမ်းအေးသော ဆောင်းရာသီသည် ဆင်းရဲတဲ့ အာဖဂန်လူမျိုးများအတွက် ပိုမိုဆိုးရွားစေပြီး ၄င်းတို့သည် အစားအစာတွေ၊ရေသန့် တွေ အလုံအလောက် မရတဲ့အပြင် အအေးဒဏ်ကနေ ကာကွယ်ပေးမယ့် အပူပေးစက်တွေလည်း မရှိကြောင်း TOLO News မှ သတင်းအရသိရပါသည်။