(ငွေစက္ကူပေါ်က တရုတ်ပြည်ထုတ်)-- သီရိလင်္ကာ ပူထရမ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစခန်း

(GMT+08:00)2023-01-24 12:15:41  

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ စွမ်းအင်၊ ဆည်မြောင်းတာတမန်၊ လျှပ်စစ်ဓါတ်အားပေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး ဒေသခံ ပြည်သူများ အတွက် သုခချမ်းသာမှုများကို ဆောင်ကြဉ်းပေးပါသည်။ ယင်းတို့အနက် မနည်းသော လုပ်ငန်းစဉ်များကို ယင်းနိုင်ငံများ၏ ငွေစက္ကူပေါ်တွင် ပုံနှိပ်ထားပါသည်။

  သီရိလင်္ကာ ပူထရမ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစခန်းသည် သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အခြေစိုက် စခန်း ဖြစ်ပြီး တရုတ်အစိုးရမှ ဦးစားပေး ဘဏ်ချေးငွေ၊ တရုတ်နည်းပညာနှင့် စက်ကိရိယာများကို အသုံးပြုပြီး တရုတ်နိုင်ငံက ဆောက်လုပ်ပေးသော အရေးကြီး လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါသည်။ ပူထရမ် လျှပ်စစ်ဓါတ်အားပေးစခန်းကို သီရိလင်္ကာ၏ ယွမ် ၁၀၀ တန် ရူပီးငွေပေါ်တွင် ပုံနှိပ်ထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။