ဘူကီနာဖာဆိုမှ ပြင်သစ်တပ်ဖွဲ့ ဆုတ်ခွာရန် ဘူကီနာဖာဆို အစိုးရ တောင်းဆို

(GMT+08:00)2023-01-24 13:24:51  

 ဘူကီနာဖာဆို အစိုးရသည် မိမိနိုင်ငံ၌ တပ်စွဲထားသော ပြင်သစ်တပ်ဖွဲ့များ ဆုတ်ခွာရန် တောင်းဆိုခဲ့ပြီဖြစ်ကြောင်း ဘူကီနာဖာဆိုနိုင်ငံ သတင်းဌာန AIBမှ သတင်းအရ သိရပါသည်။ ၂၀၁၈ ခုနှစ် သဘောတူစာချုပ်အရ ပြင်သစ်တပ်ဖွဲ့ ဆုတ်ခွာရန် ၁ လ အချိန် ရှိကြောင်း သတင်းအရင်းအမြစ်ကို ကိုးကား ၍ AIBက ရေးသားသည်။

          ဇန်နဝါရီလ ၁၈ ရက်နေ့က ဘူကီနာဖာဆို အစိုးရသည် ၂၀၁၈ ခုနှစ်ကစပြီး အတည်ပြုသော သက်ဆိုင်ရာ သဘောတူစာချုပ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းစာချုပ်သည် ပြင်သစ်နိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များ ဘူကီနာဖာဆိုနိုင်ငံ၌ တပ်စွဲခွင့်ပြုသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလကစပြီး ပြင်သစ် ကိုလိုနီဟောင်းဖြစ်သည့် ဘူကီနာဖာဆို၌ ပြင်သစ်အားဆန့်ကျင်မှုများ  မြင့်တက်လာကြောင်း AIBမှ ၂၁ ရက်နေ့ ထုတ်ပြန်သော သတင်းအရ သိရပါသည်။