ဖိလစ်ပိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၈ ဦးသေဆုံးပြီး ၁၉.၄သိန်းကျော် ဘေးသင့်

(GMT+08:00)2023-01-24 12:37:52  

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီအထိ ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၈ ဦးသေဆုံးခဲ့ပြီး ၅ ဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ် လျှော့ချရေး ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ရှိအချိန်အထိ ဘေးသင့်သူဦးရေမှာ ၁၉.၄သိန်းကျော်ရှိပြီ ဖြစ်ပြီး  အခြေခံအဆောက်အအုံ ဆုံးရှုံးမှု ပီဆိုးငွေ သန်းပေါင်း ၂၈၀ကျော် ရှိ၍ စိုက်ပျိုးရေးဆုံးရှုံးမှု ပီဆိုးငွေ သန်း ၇၅၀ကျော် ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။