ဂျပန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ ဆက်လက် ဆွေးနွေးရန် ဆန္ဒရှိသော်လည်း ရုရှား ငြင်းပယ်

(GMT+08:00)2023-01-24 13:24:19  

      ဒေသစံတော်ချိန် ၂၃ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက မိန့်ခွန့်ပြောကြားခဲ့ရာ ရုရှားနိုင်ငံနှင့်  ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်အတွက် စေ့စပ်ဆွေးနွေးပွဲဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ၄င်းက ဂျီ-၇ နိုင်ငံများနှင့်အတူ ရုရှားနိုင်ငံအား ဆက်လက် အရေးယူမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

        ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတ သတင်းရေးရာ အတွင်းရေးမှူး ပက်စ်ကော့်ဗ်က လက်ရှိအချိန်တွင် ရုရှား-ဂျပန် အကြား  လက်တွေ့ကျသော ဆွေးနွေးမှုမရှိကြောင်း၊ လက်ရှိအခြေအနေတွင် ဆွေးနွေးမှု ပြုလုပ်နိုင်ဖွယ်ရာလည်း မရှိသလောက် ဖြစ်ကြောင်း၊ ဂျပန်သည် ရုရှားနှင့် မရင်းနှီးသော နိုင်ငံများနှင့်အတူ ရပ်တည်နေပြီး ရုရှား-ဂျပန်ဆက်ဆံမှုအပေါ် အပြုသဘောဆောင်သော သဘောထားကို မပြခဲ့ကြောင်း ပြောကြားသည်။