အမေရိကန်သည် ဒေါ်လာ သန်း ၂၀ ခန့် တန်ဖိုးရှိ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို အီတလီသို့ ပြန်ပေး

(GMT+08:00)2023-01-24 13:14:27  

  ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့တော်တွင် ခိုးယူမှုခံရပြီး နိုင်ငံတကာ ပန်းချီရောင်းချသူများမှ အမေရိကန်သို့ ရောင်းချခဲ့သည့် အီတလီ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၆၀ တွင် ဘီစီ ၁ ရာစုနှစ်မှ အေဒီ ၁ ရာစုနှစ်အထိ ကာလပိုင်းရှိ ယောက်ျားကိုယ်တစ်ပိုင်းကြေးရုပ်ကို တွေ့ရှိခဲ့ရသည်။ ယင်း ကြေးရုပ်အပါအ၀င် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရှိ ခိုးယူမှုခံရသည့် အီတလီရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို အမေရိကန်၏ ပုဂ္ဂလိကစုဆောင်းမှုတွင် တွေ့ရှိခဲ့ရပြီး အီတလီသို့ ပြန်လည် ပေးအပ်ခဲ့ပြီးဟု သတင်းအရ သိရပါသည်။