ကမ္ဘာ့နိုင်ငံအသီးသီးမှပုဂ္ဂိုလ်များက တရုတ်ပြည်သူများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်း တောင်းပေး

(GMT+08:00)2023-01-23 12:42:33  

 တရုတ် နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်ချိန် အခါသမယတွင် ကော့စတာရီကာနိုင်ငံ သမ္မတ၊ ကုတ်ဒီဗွားနိုင်ငံ ဝန်ကြီးချုပ်၊ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ ရုရှား ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ်၊ BRICS နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် ဒုဥက္ကဋ္ဌ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ အတွင်းရေးမှူးချုပ်၊ Gavi အဖွဲ့ ဥက္ကဋ္ဌ စသည့် နိုင်ငံအသီးသီးမှ နိုင်ငံရေး အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် အလွှာ ပေါင်းစုံမှ ပုဂ္ဂိုလ်များသည် တရုတ်ပြည်သူများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုမွန်ကောင်း တောင်းပေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။