ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ တရုတ်တန်းတွင် မီးပုံးများဖြင့် အလှဆင်ထားပြီး တရုတ်ရိုးရာ ယုန်နှစ်ကို ဆင်နွှဲ

(GMT+08:00)2023-01-23 13:07:33  

ဇန်နဝါရီလ ၂၂ ရက်နေ့က ဂျပန် နိုင်ငံ ယိုကိုဟားမားမြို့ရှိ အကြီးဆုံးသော တရုတ်လူမျိုးများ စုစည်းနေထိုင်ရာ လူနေရပ်ကွက်တွင် ထောင်နှင့်ချီသောလူများက စုဝေးကြပြီး တရုတ်ရိုးရာ ယုန်နှစ်ကို ဆင်နွှဲခဲ့ကြပါသည်။ သို့သော် ယင်းဒေသအတွင်း လူ အများအပြား စုးဝေးလာတာကြောင့် ဘေးကင်းမှုရှိစေရေးအတွက် မူလ စီစဉ်ထားသော ခြင်္သေ့အက အဖွဲ့များကို ဖျက်သိမ်းလိုက်ရပါသည်။