တရုတ်ယဉ်ကျေးမှုရိုးရာများအား ကမ္ဘာကို ပြသလိုက်သည့် တရုတ်နှစ်သစ်ကူးနွေဦး ပွဲတော် ဖျော်ဖြေပွဲ

(GMT+08:00)2023-01-23 13:24:00  

China Media Group ၏ တရုတ် နှစ်သစ်ကူး နွေဦးပွဲတော် ဖျော်ဖြေပွဲကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် ထုတ်လွှင့်ပြသခြင်းသည် ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများနှင့် အခြား နိုင်ငံခြားသားများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လာ နိုင်ခဲ့သည်။ နွေဦးပွဲတော် ဖျော်ဖြေပွဲအစီအစဉ်များသည် ရသမြောက်လှကြောင်း၊ နွေဦးပွဲတော် ဖျော်ဖြေပွဲတွင် ဖျော်ဖြေတင်ဆက်ခဲ့သည့်  တရုတ်ရိုးရာယဉ်ကျေးမှု အကအလှများဟာ ကြည့်ရှု့သူ ပရိသတ်များအားလုံးကို  ဆွဲဆောင်လာခဲ့ကြောင်း ပရိသတ်များစွာတို့က မှတ်ချက်ပြုခဲ့ကြပါသည်။