တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အား ဖြစ်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် ဆို

(GMT+08:00)2023-01-23 12:43:17  

 ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို  ဒေသစံတော်ချိန် ယခုလ ၂၀ ရက်နေ့တွင် ဒါဗို့စ်မြို့၌ ကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် China Media Groupမှ အင်တာဗျူးကို လက်ခံဖြေကြားရာ၌ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ဒါရိုက်တာချုပ် အီဗီရာက တရုတ်နိုင်ငံ၏တံခါး ပြန်လည် ဖွင့်လှစ်ခြင်းသည် ကမ္ဘာကြီးအတွက် အပြုသဘော ဆောင်သော အကြောင်းရပ်တစ်ရပ် ဖြစ်ကြောင်း၊ တရုတ် ပြည်တွင်း စားသုံးမှု ဝယ်လိုအား တိုးများလာခြင်းနှင့် ကုန်ထုတ်လုပ်မှုများ ပုံမှန် ပြန်ဖြစ်လာခြင်းတို့သည် ကမ္ဘာ့စီးပွားရေး အတွက် ကောင်းမွန်သည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အား ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။