ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂျွန်ဆင်သည် ယူကရိန်းသို့ ထပ်မံ သွားရောက်

(GMT+08:00)2023-01-23 12:57:16  

        ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက်နေ့က ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂျွန်ဆင်သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ရာ မြို့တော် ကိယက်ဗ်အနီးရှိ ဘူချာမြို့သို့ သွားရောက်ပြီး ယူကရိန်းသမ္မတ ဇလန်စကီနှင့် တွေ့ဆုံခဲ့သည်။

ဇန်နဝါရီလ လလယ်ကထုတ်ပြန်တဲ့ ဗြိတိန်မီဒီယာ သတင်းအရ ဂျွန်ဆင်သည် ယူကရိန်းသို့ ထပ်မံ သွားရောက်ပြီး ဇလန်စကီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း၊ သို့သော် ဂျွန်ဆင်၏ နောက်ထပ် ယူကရိန်းခရီးစဉ်သည် လက်ရှိဝန်ကြီးချုပ် ဆူနတ်၏ အခွင့်အာဏာ အားနည်း စေမည်ကို  ဗြိတိန် ကွန်ဆာဗေးတစ် ပါတီ၏ အဆင့်မြင့် ခေါင်းဆောင်များက စိုးရိမ်ခဲ့ ကြကြောင်း သိရပါသည်။