တရုတ်နိုင်ငံသည် ကုန်စည်ပို့ဆောင်မှု ချောမွေ့စွာ စီးဆင်းမှုကို ထိန်းသိမ်းပေး

(GMT+08:00)2023-01-22 15:58:37  

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ တစ်ပြည်လုံး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို စနစ်တကျ လည်ပတ်ပြီး နိုင်ငံတော် မီးရထား ကုန်စည်ပို့ဆောင်ရေးမှာ မြင့်မားသည့် အဆင့်တွင် ဆက်လက် လည်ပတ်နေကြောင်း နောက်ဆုံးရ အချက် အလက်များအရ သိရသည်။

တရုတ်နိုင်ငံတော်ကောင်စီ ကုန်စည်ပို့ဆောင်မှု အာမခံပေးရေးလုပ်ငန်း ဦးဆောင်အဖွဲ့ရုံးမှ ထုတ်ပြန်သော စာရင်းအရ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နိုင်ငံတော် မီးရထား ကုန်စည်ပို့ဆောင်ရေးမှာ မြင့်မားသည့် အဆင့်တွင် ဆက်လက် လည်ပတ်ပြီး ကုန်စည်တန်ချိန် ၉၅.၆၂ သိန်း ပို့ဆောင်ခဲ့ကြောင်း၊ တစ်ပြည်လုံးရှိ အမြန်မောင်း မော်တော်ကားလမ်း ကုန်တင်ယာဉ် အစီး ၈.၆၄၁ သိန်း ဖြတ်သန်းသွားလာခဲ့ကြောင်း၊ စောင့်ကြည့်စစ်ဆေးထားသော ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချတန်ချိန် ၂၆.၅၆၄ သန်း ရှိပြီး ကွန်တိန်နာ အလုံး ၆.၇၆ သိန်း ရှိကြောင်း သိရပါသည်။