တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ဖျော်ဖြေပွဲများကို အတူတူခံစားကြည့်ကြရအောင်

(GMT+08:00)2023-01-21 13:47:58  

၁၉၈၃ခုနှစ်မှစပြီး တရုတ်နိုင်ငံတော် ရုပ်မြင်သံကြားဌာနဖြစ်သော CCTVသည် နွေဦးပွဲတော် နှစ်သစ်ကူအကြိုနေ့ညတိုင်းတွင် အနုပညာဖျော်ဖြေပွဲကို ကျင်းပလေ့ရှိပါသည်။ ယခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့သည် တရုတ် နွေဦးပွဲတော်အကြိုနေ့ဖြစ်ပြီး ထိုနေ့ညတွင် China Media Group သည် ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ဖျော်ဖြေပွဲကို ကျင်းပမည်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဘီလီယံဆယ်ချီ ပရိသတ်များနှင့်အတူ ယုန်နှစ် ရောက်ရှိလာခြင်းကို ကြိုဆိုမည်ဖြစ်ပါသည်။ နှစ်တိုင်း တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဖျော်ဖြေပွဲများကို အတူတူခံစားကြည့်ကြရအောင်။